ကျန်ရစ်နေသည့်ရုပ်ကလာပ်ကို အောက်တိုဘာလ ၁၄ ရက်သောကြာနေ့ ညနေ ၄ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ပြီး ထိုမီးသဂြိုလ်ပွဲတွင် လာရောက်ခဲ့သော ဆွေမျိုးများနှင့် မိတ်ဆွေအသိုင်းအ၀ိုင်းများမှာ စုစုပေါင်း ဦးရေ ငါးရာနှင့် ခြောက်ရာ အကြားရှိသည်ဟု ကိုယ် တိုင်သွားရောက်ခဲ့သူတစ်ဦးကပြောသည်။
ကွယ်လွန်သွားချိန်၌ အသက် ၇၉ နှစ်ရှိပြီး ယခုအခါ ဇနီးသည်ဒေါ်ဌေးရီသည် သမီး ဒေါက်တာမိသီတာစံနှင့် သားမင်းဝဏ္ဍစံတို့ နှင့်အတူ ကျန်ရစ်ခဲ့သည်။
ဒေါက်တာမန်းသက်စံသည် မြန်မာနိုင်ငံမှ B.Sc ၊ M.Sc နှင့် အမေရိကန်နိုင်ငံမှ Ph.D ဘွဲ့ရရှိ ခဲ့ပြီး မော်လမြိုင်နှင့် ပုသိမ် ဒီဂရီကောလိပ်တွင် ကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မဆလ ခေတ်တွင် စက်မှုဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးလည်း ဖြစ်သည်။
မော်လမြိုင်ဒီဂရီကောလိပ်တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလ၌ မွန်စာ ပေနှင့်ယဉ်ကျေးမှုကော်မတီ ကျောင်းသားများအဖွဲ့၏ နာယကအဖြစ် ထမ်းဆောင်ခဲ့သည်။ ထို့ အပြင် မဆလ ခေတ်၌ အစိုးရက မော်လမြိုင်ကောလိပ်ရှိ မွန်တို့၏သင်္ကေတဖြစ်သော ဟင်္သာ ရုပ်ကြီးအား ဖြုတ်ချခိုင်းသည်ကို အပြင်းအထန်ကန့်ကွက်ခဲ့၍ အောင်မြင်ခဲ့သည်။
၂၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ရှိ သိမ်ဖြူကွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်း ပနိုင်ရန်အတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလည်းဖြစ်သည်။
No comments:
Post a Comment